သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကို အကြံပြုဆွေးနွေးခြင်း


   

စီးပွားရေးလုပ်ငန်းရှင်များ၊အဖွဲ့အစည်းများ (သို့မဟုတ်) အစိုးရအဖွဲ့အစည်းအများအနေဖြင့် ကျွမ်းကျင်သော သဘာဝပတ်ဝန်းကျင်ပညာရှင်များအားမိမိသိရှိလိုအပ်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကို အကြံပြုပေးနိုင်ရန် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

ကျွမ်းကျင်သော သဘာဝပတ်ဝန်းကျင် ပညာရှင်များဖြင့် တိုင်ပင်ဆွေးနွေးပြီးအကဲဖြတ်မှုကိုအကူအညီရယူခြင်းဖြင့်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုလျော့ချပေးနိုင်ပြီး သဘာဝပတ်ဝန်းကျင်အဖွဲ့အစည်းကချမှတ်ထားသောနည်းဥပဒေဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကိုလည်းလိုက်နာဆောင်ရွက်ပါသည်။

ဓါတ်ခွဲခန်းဆိုင်ရာခွဲခြမ်းစိတ်ဖြာခြင်းနှင့်ပစ္စည်းကိရိယာများကိုစံချိန်စံညွှန်းမှီကောင်းမွန်စေရန်ပြုပြင်ဆောင်ရွက်ပေးခြင်း။

စွန့်ပစ်ရေများကို မူလအခြေအနေပြန်လည်ရရှိစေရန်ပိုမိုကောင်းမွန်အောင်ပြုပြင်ခြင်းနှင့်သိရှိလိုအပ်မှုများကိုအကြံပေးဆွေးနွေးမှုများပြုလုပ်ပေးခြင်း။

လေထုထဲသို့ ကာဗွန်ထုတ်လွှတ်မှု ပမာဏကိုလျှော့ချခြင်းနှင့် တိုင်းတာစစ်ဆေးခြင်း။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့အစည်းကချမှတ်ထားသော အစီအစဉ်များ၊ မူဝါဒများ၊ ညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်မှုရှိမရှိစောင့်ကြည့်စစ်ဆေးခြင်းနှင့်တရားဝင်ဆောင်ရွက်ခွင့်ရရှိစေရန်မှတ်ပုံတင်ဆောင်ရွက်ပေးခြင်း။

  • Lab analysis & Calibration service
  • Waste water system renovation & Solution consulting
  • Carbon credit reduction & Calculation
  • EIA survey & Registration