ဓါတ်ခွဲစမ်းသပ်ပေးခြင်းနှင့်ပစ္စည်းကိရိယာများကိုစံချိန်စံညွှန်းအမှီပြန်လည်ပြုပြင်ခြင်း


   

ဓါတ်ခွဲစမ်းသပ်ခြင်းတွင် ကျွမ်းကျင်သော ဓါတ်ခွဲခန်းပညာရှင်များက (နည်းပညာကောင်းမွန်သော ပစ္စည်းကိရိယာများကိုအသုံးပြုပြီး)တိကျမှန်ကန်သော ဓါတ်ခွဲခန်းအဖြေ ( Results) များကိုဖော်ထုတ်ပေးခြင်းသည် နမူနာပစ္စည်း(sample) တစ်ခု၏ ကောင်းမွန်သော အရည်အသွေးနှင့် တိကျမှန်ကန်သောအရေအတွက်ပါဝင်နေခြင်းကိုသိရှိနိုင်ပါသည်။

နမူနာ (Sample) တစ်ခုတွင် ပါဝင်နေသော ဓာတုပစ္စည်းများကို ဓါတ်ခွဲစမ်းသပ်မှုပြုလုပ်ခြင်းတွင် အရေးကြီးသောအချက်အလက်(၂) ခုပါရှိသည်။

၁) နမူနာ (Sample) ပစ္စည်းတစ်ခုထဲတွင် ရုပ်ပိုင်းဆိုင်ရာပါဝင်ဖွဲ့စည်းမှုကိုသိရှိနိုင်စေခြင်းနှင့်

၂) နမူနာ (sample) ပစ္စည်းတစ်ခုထဲတွင် ပါဝင်သောဓာတုဒြပ်ပေါင်းများပါဝင်မှုကို တိကျစွာသိရှိနိုင်စေခြင်းတို့ဖြစ်ပါသည်။

ဓာတ်ခွဲစမ်းသပ်မှုများပြုလုပ်ခြင်းအားဖြင့် မိတ်ဆွေတို့၏ ရေဆိုးသန့်စင်ခြင်းပြုလုပ်မှုလုပ်ငန်းအတွက် ထိရောက်သောအကျိုးရလဒ်များကိုရရှိစေပြီး ဓါတ်ခွဲစမ်းသပ်မှုပြုလုပ်ခြင်း၏အကျိုးကျေးဇူးများကိုလည်းရရှိစေပါသည်။