စွန့်ပစ်ပစ္စည်းများကို စီမံခန့်ခွဲဆောင်ရွက်ရာတွင် ၎င်း၏မူရင်းထွက်ရှိသောအနေအထားမှစတင်၍ နောက်ဆုံးစွန့်ပစ်ရန်အခြေအနေထိ စွန့်ပစ်ပစ္စည်းများ၏ထုတ်လုပ်မှုprocess နှင့် လုပ်ဆောင်ချက်များကိုသိရှိရန်လိုအပ်ပါသည်။
စွန့်ပစ်ပစ္စည်းဆိုသည်မှာ အစိုင်အခဲ၊ အရည်နှင့်ဓာတ်ငွေ့ ဟုဆိုပြီး ပုံသဏ္ဌာန်(၃)မျိုးရှိပြီး တစ်ခုခြင်းစီကိုစွန့်ပစ်ရန်နှင့်စီမံခန့်ခွဲဆောင်ရွက်ရန်အတွက် မတူညီသောနည်းလမ်းမျိုးစုံဖြင့်ဆောင်ရွက်ရပါသည်။