စွန့်ပစ်ရေများကို မူလအခြေအနေပြန်လည်ရရှိစေရန်ပိုမိုကောင်းမွန်အောင်ပြုပြင်ခြင်းနှင့်သိရှိလိုအပ်မှုများကိုအကြံပေးဆွေးနွေးမှုများပြုလုပ်ပေးခြင်း။


   

ရေဆိုးသန့်စင်မှုပြုလုပ်ခြင်းလုပ်ငန်းသည် ရေဆိုးများတွင်ပါဝင်နေသော မသန့်ရှင်းသော အညစ်အကြေးများကိုဖယ်ရှားပေးနိုင်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုကာကွယ်ထိန်းသိမ်းပေးနိုင်ရုံသာမက သန့်စင်ထားသောရေကိုပြန်လည်အသုံးပြုနိုင်ပါသည်။

လူနေအိမ်များမှအသုံးပြုပြီးထွက်ရှိသောရေဆိုးရေညစ်များ၊ ဆေးရုံများမှအသုံးပြုပြီးထွက်ရှိလာသောရေဆိုး ရေညစ်များ၊ စက်ရုံ/အလုပ်ရုံများမှအသုံးပြုပြီးထွက်ရှိလာသောရေဆိုးရေညစ်များသည် သဘာဝပတ်ဝန်းကျင်ကိုညစ်ညမ်းစေပါသည်။

ထို့ကြောင့်ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းကချမှတ်ထားသောနည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ စည်းမျဥိး စည်းကမ်းများအတိုင်းလိုက်နာဆောင်ရွက်ပြီးရေဆိုးရေညစ်များကိုပြုပြင်သန့်စင်ပြီးမှစွန့်ပစ်ခြင်းသည် -

၁) ပတ်ဝန်းကျင်ရှိသဘာဝရေအရင်းအမြစ်ကိုသန့်ရှင်းစေခြင်း

၂) ပြန်လည်အသုံးပြုခြင်းအား သဘာဝပတ်ဝန်းကျင် ညစ်ညမ်းစေမှုကိုကာကွယ်ပေးနိုင်ခြင်း

၃) သက်ရှိတို့၏ကျန်းမာရေးကိုမထိခိုက်စေခြင်းကိုပြုလုပ်ပေးနိုင်ပါသည်။

ကောင်းမွန်သောရေအရေအသွေး ထုတ်လုပ်ခြင်းလုပ်ငန်းကိုပြုလုပ်ခြင်းသည် သက်ရှိတို့၏ ကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေခြင်း၊ ပတ်ဝန်းကျင်ရှိ ရေ၊ မြေ၊ လေ ထိခိုက်မှုမဖြစ်ပေါ်စေခြင်း၊ တနည်းအားဖြင့်ဆိုသော် စီးပွားရေးလုပ်ငန်းရှင်များအတွက် နာမည်ကောင်းမွန်သောရလဒ်များကိုရရှိစေခြင်း၊ အရေအသွေးကောင်းမွန်သောရေသန့်များကိုနည်းစနစ်မှန်ကန်စွာထုတ်လုပ်ပေးနိုင်ခြင်းနှင့်သုံးစွဲသူများအတွက် စိတ်ကျေနပ်ဖွယ်ကောင်းမွန်သောရလဒ်များကိုပေးဆောင်နိုင်ခြင်းတို့ကိုရရှိစေပါသည်။

ကျွန်ုပ်တို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးအဖွဲ့အစည်းအနေဖြင့် နိုင်ငံတစ်ဝှမ်းတွင်ဆောက်လုပ်ထားသော ရေဆိုးသန့်စင်ခြင်းလုပ်ငန်းကိုအကြံပေးဆောင်ရွက်ရာတွင် တိကျမှန်ကန်သော နည်းစနစ်များကို အသုံးပြုပြီး Design ဆွဲ တည်ဆောက်ပေးခြင်း၊ တည်နေရာအနေအထားပေါ်တွင်မူတည်ပြီး တည်ဆောက်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင်ကို သာယာလှပစေပြီးကျန်းမာရေးနှင့်ညီညွှတ်သောလုံခြုံစိတ်ချမှုပေးနိုင်သောလုပ်ငန်းဖြစ်အောင် တာဝန်ယူဆောင်ရွက်ပေးပါသည်။

လုပ်ငန်းလည်ပတ်မှုတွင်လည်း ကုန်ကျစားရိတ်သက်သာပြီး လုပ်သားအများအပြားမလိုအပ်စေပဲ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသောနည်းလမ်းများဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်ပေါ်စေရန် တာဝန်ယူဆောင်ရွက်ပေးပါသည်။