သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကို အကဲဖြတ်စစ်ဆေးခြင်းနှင့် တာဝန်ယူဆောင်ရွက်ပေးခြင်း


   

EIA ဆိုသည်မှာ လုပ်ငန်းလည်ပတ်ခြင်းကြောင့်ဖြစ်ပေါ်လာသောအရာများသည် သဘာဝပတ်ဝန်းကျင်ရှိ လူသားတို့၏ စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေးဖြင့်ဆက်စပ်မှုရှိနေပြီး ဤအရာများထိခိုက်မှုမရှိစေရန်ဆောင်ရွက်ပေးရခြင်းဖြစ်သည်။

EIA ကို သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့်စီးပွားရေးလုပ်ငန်းများထိခိုက်မှုမဖြစ်အောင်တိကျမှန်ကန်သောနည်းလမ်းများကိုအသုံးပြုပြီးဆောင်ရွက်ရပါ သည်။

EIA ကိုလုပ်ဆောင်ရခြင်းရည်ရွယ်ချက်မှာ လုပ်ငန်းစတင်လုပ်ကိုင်ရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း နှင့် အဆောက်အဦးပုံစံရေးဆွဲတည်ဆောက်ခြင်း၊ နည်းလမ်းများကိုရှာဖွေခြင်း၊ သဘာဝပတ်ဝန်းကျင်အတွက်သင့်တော်သောပုံစံ( Design) များတည်ဆောက်ပေးခြင်း၊ ကြိုတင်ခန့်မှန်းမှုများပြုလုပ်ဆောင်ရွက်ထားခြင်းနှင့်ဖြစ်နိုင်ချေရှိသော အချက်အလက်များကိုကြိုတင်ဆောင်ရွက်ထားခြင်းတို့ကိုဆောင်ရွက်ပေးပါသည်။

EIA ကိုအသုံးပြုခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်နှင့်စီးပွားရေးလုပ်ငန်းများကိုအကျိုးကျေးဇူးများရရှိစေခြင်း၊ သတ်မှတ်ထားသော ကာလအတွင်းအဆောက်အဦးများကိုတည်ဆောက်ပေးနိုင်ခြင်း၊ ချမှတ်ထားသော နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်းလိုက်နာဆောင်ရွက်ပြီးငွေကုန်ကြေးကျသက်သာစေနိုင်ပါသည်။